Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်လကုန်နှင့် ယခုလကုန်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

     ဇူလိုင်လ လကုန်ပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော  မတ်ပဲ၊ ပဲယင်းဝါ ဈေးငြိမ်၍ ပဲစဉ်းငုံနီ၊ ပဲနီလုံးကြား၊ ပုဂံပဲ မြှင့်တက်နေပြီး ပြောင်းနီ၊ ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးသေး၊  ပဲကြီး၊  ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ကုလားပဲဖြူလုံးကြီး၊ ထိုင်ဝမ်၊ 929 နှင့် ပဲတီစိမ်းကြီးဈေးနှုန်းများ ကျဆင်းနေကြောင်း သိရသည်။
    ယခုလကုန်တွင် သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၈၀၀၀ကျပ်၊ ဂျုံအထွက် တိုး ၆၅၀၀၀ ကျပ်၊  ပဲကြီး ၁၃၃၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၈၇၂၀၀ ကျပ်၊ မတ်ပဲ ၈၅၀၀၀-၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၇၀၀၀၀-၁၂၀၀၀၀ ကျပ်၊ ပဲယင်းဝါ ၇၃၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၄၀၀၀ ကျပ်၊ပုဂံပဲ ၁၂၅၀၀၀ ကျပ်၊ ပြောင်းနီ ၂၅၅၀၀ ကျပ်၊ ပြောင်းဖူးစေ့ ၂၆၅၀၀-၃၀၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၄၅၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၈၄၀၀၀ ကျပ်၊  ကုလားပဲ 929 ၈၃၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၀၅၀၀ ကျပ်ပေါက်ဈေးရှိ ကြောင်းသိရသည်။ ယခင်လကုန် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၈၀၀၀၀ ကျပ်၊ ဂျုံအထွက်တိုး ၆၈၀၀၀ ကျပ်၊  ပဲကြီး ၁၀၇၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၈၆၀၀၀ ကျပ်၊ မတ်ပဲ ၈၅၀၀၀-၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၇၅၀၀၀- ၁၁၆၀၀၀ကျပ်၊ ပဲယင်းဝါ ၇၃၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၃၀၀၀ ကျပ်၊ပုဂံပဲ ၁၁၀၀၀၀-၁၂၀၀၀၀ ကျပ်၊ ပြောင်းနီ ၂၇၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ ၂၈၈၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၅၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၈၄၅၀၀ ကျပ်၊  ကုလားပဲ 929 ၈၃၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၁၅၀၀ ကျပ် ပေါက်ဈေးရှိသည်။
     ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက ဂျုံဖြူသန့် ၂၀၀၀ ကျပ်၊ ဂျုံအထွက်တိုး တစ်တင်းလျှင် ၃၀၀၀ ကျပ်၊ ပဲကြီး တစ်တင်းလျှင် ၂၆၀၀ ကျပ် ပဲတီစိမ်းကြီး တစ်တင်းလျှင် ၄၀၀၀ ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် ၁၅၀၀ ကျပ်၊ Cp တစ်တင်းလျှင် ၁၅၀၀ ကျပ်နှင့် ကုလားပဲအုပ်စုမှာ တစ်တင်းလျှင် ၅၀၀ ကျပ်ခန့် ကျဆင်းသွားပြီး ပဲစဉ်းငုံ တစ်တင်းလျှင် ၁၅၀၀ ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် ၁၀၀၀ ကျပ်နှင့် ပုဂံပဲ တစ်တင်းလျှင် ၅၀၀၀ ကျပ်ခန့် မြင့်တက်နေကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး 

 

Category: Local News